Frequently Asked Questions
သတ်မှတ်သည့်ရက် မတိုင်မီ သက်ဆိုင်ရာဌာနမှ Email ဖြင့် ကြိုတင်၍ အကြောင်းကြား ပေးပို့ပါသည်။
လိုင်စင်ကျထားသူများစာရင်းအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် Facebook စာမျက်နှာတွင် အခါအားလျော်စွာ ထုတ်ပြန်ကြေညာပေးပါသည်။
တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးကို အသုံးပြုခြင်းအားဖြင့် တရားရုံးအသုံးပြုသူများသည် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါသည် -
(၁) စေ့စပ်ဖြေရှင်းရေးကို အများပြည်သူရှေ့မှောက်တွင် ဆောင်ရွက်ရန်မလိုအပ်သည့်အတွက် အမှုသည်များအနေဖြင့် မိမိထိန်းသိမ်းလိုသည့် သတင်းအချက်အလက်များအား လုံခြုံစွာ လျှို့ဝှက်ထားနိုင်ခြင်း၊
(၂) တရားမမှုများအား စေ့စပ်ဖြေရှင်းရာတွင် လိုက်နာရန်သတ်မှတ်ထားသော စည်းကမ်းချက်များကိုသာ လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အတွက် အမှုသည်များအနေဖြင့် မိမိတို့တင်ပြလိုသည့် အကြောင်းအရာများကို လွယ်ကူရိုးရှင်းစွာ တင်ပြပြောဆိုနိုင်ခြင်း၊
(၃) စေ့စပ်ဖြေရှင်းရေးသည် ရိုးရှင်းသည့်စနစ်ဖြစ်၍ အမှုသည်များသည် ၎င်းတို့အမှုတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ခြင်း၊
(၄) အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် ဆောင်ရွက်နိုင်ခြင်း၊
(၅) အမှုသည်များအနေဖြင့် မိမိတို့အမှန်တကယ် ရယူလိုသည့် အခွင့်အရေးကို ကိုယ်တိုင်ညှိနှိုင်းရယူနိုင်သည့်အတွက် ရလဒ်အပေါ် စိတ်ကျေနပ်မှုမြင့်မားစေနိုင်ခြင်း၊
(၆) စေ့စပ်ဖြေရှင်းနေစဉ်အတွင်း အမှုသည်များအချင်းချင်း အပြန်အလှန်ညှိနှိုင်းအဖြေရှာခြင်းအားဖြင့် ၎င်းတို့ကြားဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေနိုင်ခြင်း၊
ရှေ့နေလိုင်စင်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များဖော်ပြခြင်း
၅။ အလုပ်သင်(ကင်းလွတ်ခွင့်) ဖြင့် အထက်တန်းရှေ့နေလိုင်စင် လျှောက်ထားရာတွင် လိုအပ်သောအချက်များ
၆။ လိုက်ပါခွင့်ရလိုင်စင်မှ မင်နီမှတ်ချက်ပြု အထက်တန်းရှေ့နေလိုင်စင် လျှောက်ထာရာတွင် လိုအပ်သောအချက်များ
၇။ မင်နီမှတ်ချက်ပြုအထက်တန်းရှေ့နေလိုင်စင်မှ လိုက်ပါခွင့်ရ လိုင်စင် လျှောက်ထားရာတွင် လိုအပ်သောအချက်များ
၉။ တရားလွှတ်တော်ရှေ့နေ/အထက်တန်းရှေ့နေလိုင်စင် ပြန်လည်အပ်နှံခြင်း
တရားခွင်များတွင် လက်ကိုင်ဖုန်းများ ယူဆောင်ခွင့် မရှိပါ။
တရားရုံးအတွင်း သတင်းရယူခွင့် မရှိပါ။
တရားခွင်အတွင်း ဓါတ်ပုံရိုက်ခွင့် မရှိပါ။
Internal Portal ဆိုတာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် လက်အောက်တရားရုံးအဆင့်ဆင့်၏ ရုံးလိပ်စာများ၊ ဖုန်းနံပါတ်များ၊ EDMS e-Mail အကောင့်များအား တစ်နေရာတည်းတွင် ရှာဖွေကြည့်ရှုနိုင်သော စနစ်တစ်ခုဖြစ်ပါတယ်။ e-Government ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စနစ်များအကြောင်းကိုလည်း သိရှိနိုင်မှာ ဖြစ်ပါတယ်။ စနစ်များကို ဝင်ရောက်ကြည့်ရှုလိုလျှင် ယင်းစနစ်များ၏ IP၊ Domain Name များ သိရှိနေစရာမလိုဘဲ သက်ဆိုင်ရာ Links များမှတဆင့် လွယ်လင့်တကူ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး အသုံးပြုရလွယ်ကူစေရန် အသုံးပြုနည်း လမ်းညွှန်စာအုပ်များ (Guide Books) ကို ဤစနစ်တွင် ထည့်သွင်းထားရှိပါတယ်။